Local News

စီးပွားရေးသံမှူးသင်တန်းအမှတ်စဉ် (၁) သင်တန်းဖွင့်ပွဲကျင်းပ

Last Updated:

စီးပွားရေးသံမှူးသင်တန်း(၂၀၂၁) သင်တန်းဖွင့်ပွဲကို အောက်တိုဘာလ ၂၅ ရက်နေ့နံနက် ၉ : ၀၀ နာရီတွင် နေပြည်တော်ရှိ၊  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဒေါက်တာပွင့်ဆန်း  တက်ရောက်အမှာစကားပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနသည် စီးပွားရေးသံမှူးသင်တန်း(၂၀၂၁) ကို ဇူလိုင်လ တွင် ဖွင့်လှစ် ရန်ဖြစ်သော်လည်း ကိုဗစ်-၁၉ ရောဂါကူးစက်နှုန်းများပြားလာသည့်အတွက် (Coronavirus Disease 2019( COVID-19) ကာကွယ်ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ ၏ ခွင့်ပြု ချက်အရ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ စီးပွားရေးသံမှူး များကို ၂၀၁၂ ခုနှစ်မှ စတင်စေလွှတ်ရာမှာ ယခု(၄) ကြိမ်မြောက် စေလွှတ်မှာဖြစ်ကြောင်း၊ စီးပွားရေးသံမှူးဆိုသော်လည်း ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မြှင့်တင်ရေးကိစ္စ များကို အထူးအလေးပေး ဆောင်ရွက်ရန်လိုကြောင်း၊ ယခုသင်တန်းမှာ စီးပွားရေးနှင့် ဆက်စပ်သော ဝန်ကြီးဌာနများမှ အရာထမ်း(၃၈)ဦးကို သင်တန်းပေးမှာဖြစ်ပြီး သေချာစွာ စီစစ်၍ ရွေးချယ်သွားမည်ဖြစ်ကြောင်း မှာကြားပါသည်။

ယနေ့နိုင်ငံတော်အကြီးအကဲမှလည်း နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ စီးပွား ရေးသံမှူးများကို ရှေ့တန်းတိုက်စစ်မှူးများအဖြစ် အားထားပါကြောင်း၊ ထို့ကြောင့် ယခု သင်တန်းတွင် သင်ကြားမည့်ဘာသာရပ်များသည် သင်တန်းသားများအတွက် အသုံးဝင် သည်ဖြစ်၍ စိတ်ဝင်စားစွာသင်ယူစေလိုကြောင်း၊ လက်ရှိစေလွှတ်ထားသည့် စီးပွားရေး သံမှူးမျာထံမှ ဗဟုသုတ၊ အတွေ့အကြုံနှင့် အချက်အလက်များကို ချိတ်ဆက်ရယူပြီး  ကိုယ်တိုင် တာဝန်ထမ်းဆောင်သည့်အခါ အဆင်သင့်ဖြစ်စေရန် လေ့လာထားရမည် ဖြစ်ကြောင်း မှာကြားပါသည်။

ပို့ကုန်တိုးတက်ရေးအတွက် ထုတ်ကုန်အမည်စုံတင်ပို့နိုင်ရေး ၊ စံချိန်စံညွှန်းနှင့် ကိုက် ညီရေး၊ ဈေးကွက် သစ်ရှာဖွေရေး၊ ဈေးကွက်တိုးချဲ့တင်ပို့နိုင်ရေး၊ တစ်ဖက်နိုင်ငံနှင့် စေ့စပ်ညှိနှိုင်းရေး၊ ကုန်သွယ်မှုဆိုင်ရာဉပဒေလုပ်ထုံးလုပ်နည်းများသိရှိရေး တို့ကို လေ့လာ ပေါင်းစပ်အသုံးချဆောင်ရွက်ရမည်ဖြစ်၍ ဘာသာရပ်များကို စိတ်ဝင်စားစွာလေ့လာရ မည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် စီးပွားရေးသံမှူးများကို  ၂၀၁၈ ခုနှစ် မှစ၍ တာဝန်ယူ၍ရွေးချယ်စေလွှတ်ရာမှာယခုသင်တန်းသည် ဒုတိယအကြိမ်မြောက်ဖြစ်ကြောင်း၊  နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု များသည် အဓိကဖြစ်၍ နိုင်ငံတကာဈေးကွက်ကို ထိုးဖေါက်နိုင်စေရေးအတွက် ခန့်ထားခြင်း ဖြစ်ကြောင်း၊ စီးပွားရေးသံမှူးများကို နိုင်ငံတော်မှ ဘဏ္ဍာငွေအများအပြား ကုန်ကျခံ စေလွှတ်ထားခြင်းကို သိရှိစေလိုကြောင်း၊  လက်ရှိ စီးပွားရေးသံမှူးများ စေလွှတ်ထားသော အနောက်နိုင်ငံများမှာ ကုန်သွယ်မှုနှင့်ပတ်သက်၍ပူးပေါင်းဆောင်ရွက်မှု နည်းနေသော်လည်း စီးပွားရေး၊ လူမှုရေးအခြေအနေများကို လေ့လာတင်ပြ လျက်ရှိနေကြောင်း၊ မြန်မာနိုင်ငံသည် အဓိကကုန်သွယ်ဘက်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံသို့ စီးပွားရေးသံမှူး (၃)ဦး စေလွှတ်ထားကြောင်း၊ မြန်မာနိုင်ငံနှင့်  တရုတ်နိုင်ငံသည် နယ်စပ် ကုန်သွယ်ရေး အပါအဝင် ကုန်သွယ်မှု အများအပြားဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံမှ လယ်ယာ ထွက်ကုန်များ၊ ရေထွက်ကုန်များ၊ သစ်သီးဝလံများ၊ ကျွဲနွားများ တင်ပို့နိုင်ရေးကို တရုတ်နိုင်ငံအကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(GACC) နှင့် ညှိနှိုင်းချိတ် ဆက်မှုများကြောင့် မြန်မာပို့ကုန်အများအပြားတင်ပို့နိုင်ရန် တရုတ်နိုင်ငံသို့ စေလွှတ်ထား သည့်စီးပွားရေးသံမှူးများမှ ကြိုးစားဆောင်ရွက်နိုင်သဖြင့် မြန်မာနိုင်ငံအတွက် များစွာ အကျိုးရှိပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် သင်တန်းသားများသည် ပို့ချပေးမည့် သင်ခန်းစာ များကို စိတ်ဝင်စားစွာဖြင့် ကြိုးစားအားထုတ်၍ လေ့လာသင်ယူရန်မှာ ကြားခဲ့ပါသည်။

အဆိုပါ စီးပွားရေးသံမှူးသင်တန်း(၂၀၂၁)ဖွင့်ပွဲအခမ်းအနားသို့ စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှဒုတိယဝန်ကြီး၊အမြဲတမ်းအတွင်းဝန်၊ညွှန်ကြားရေးမှူးချုပ် များ၊  အဆင့်မြင့်အရာရှိကြီးများ၊ သင်တန်းသားများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြပါသည်။

သင်တန်းသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတို့မှ သင်တန်းသား (၃၈) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ(၉) ရက်ကြာကျင်းပမည်ဖြစ်ပါသည်။

Category: Local News